Puppetry Home
HTWE OO MYANMAR Traditional Puppet Theatre or puppetry HOME is an unique place where Myanmar traditional and cultural heritage of string puppetry could be seen and learned in Yangon, Myanmar.


Puppet Show for less than 10 persons could be arranged in a day advance notice and more than 10 persons need 3-4 days notice in order to book a hall. Show Times can be chosen by the clients for their convenience but prefer in the afternoon.
Puppet making process can be demonstrated if requested by advanced booking and puppetry TALK is acceptable.

Puppet manipulation classes for both basic and professional levels are available by professional puppeteers.


ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်စုံအဖွဲ့၏ ရုပ်သေးတင်ဆက်မှုများကို အဖွဲ့ တည်ရှိရာ အလုံမြို့နယ်၊ ရာမလမ်း၊ အမှတ်(၁၂)(ပထမထပ်) နေအိမ်တွင် Home Theatre အသွင်ဖြင့် တင်ဆက်ပြသပေးနေပါသည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များက မြန်မာနိုင်ငံသို့မလာရောက်မီ အင်တာနက်မှ ဆက်သွယ်၍၄င်း၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများမှ ကြိုတင် booking လုပ်၍၄င်း၊ တည်းခိုရာဟိုတယ်များမှတဆင့် စုံစမ်းဆက်သွယ်၍၄င်း တစ်ဦးစ၊ နှစ်ဦးစမှစ၍ လေး-ငါး-ဆယ်ဦး အထိ လာရောက်ကြည့်ရှုလျှက် ရှိပါသည်။
ယခင်က ဟိုတယ်၊ စားသောက်ဆိုင်များတွင် ကြည့်ရှုသူများမှာ အစားအသောက် စားသောက်ရင်း ခရီးသွားဟန်လွှဲသဘောမျိုး ကြည့်ရှုကြခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အိမ်တိုင်ရာရောက် ကြည့်ရှုကြသူများမှာ မြန်မာ့ရိုးရာရုပ်သေးကို စူးစူးစိုက်စိုက် လေ့လာခံစားလိုသူများဖြစ်ကြပါသည်။ ဟိုတယ်၊ စားသောက်ဆိုင်များတွင်ကပြသကဲ့သို့ ကျယ်ကျယ်ဝန်းဝန်း ခမ်းခမ်းနားနား မတင်ဆက်နိုင်သော် လည်း မိသားစုပုံစံဖြင့် နွေးနွေးထွေးထွေး ကြည့်ရှုရခြင်းကို ပိုမိုနှစ်သက်ကြောင်းလည်း သိရှိရပါသည်။ ရုပ်သေးပွဲမစမီနှင့် ကြည့်ရှုပြီးချိန်များတွင် မြန်မာ့ရုပ်သေးနှင့်ပါတ်သက်၍ လေ့လာမေးမြန်းခြင်း၊ ရုပ်သေး ရုပ်များကို စူးစမ်းလေ့လာခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ရုပ်သေးကြိုးဆွဲစမ်းသပ်ခြင်းများကို ရုပ်သေးပညာရှင်များ နှင့် ခင်မင်ရင်းနှီးပျော်ရွှင်စွာ ပြုလုပ်ကြပါသည်။
မိမိတို့၏ဧည့်သည်များကို မြန်မာ့ရိုးရာရုပ်သေးဖြင့် ပြသဧည့်ခံလိုကြသော ခရီးသွား ကုမ္ပဏီများအနေဖြင့် တစ်ရက်ကြိုတင်၍ အကြောင်းကြားနိုင်လျှင် ရုပ်သေးပွဲများ စီစဉ်ပေးနိုင်ပါသည်။ အနည်းဆုံး တစ်မနက်ကြိုတင်အကြောင်းကြားနိုင်ပါက ညနေ (သို့) ညတွင်လည်း စီစဉ်ပေးနိုင်ပါသည်။ အကယ်၍ ဧည့်သည်တည်းခိုရာ ဟိုတယ်၊ သဘောင်္ (သို့) စားသောက်မည့် စားသောက်ဆိုင်တွင် ကပြ ဖျော်ဖြေပေးစေလိုပါက သက်ဆိုင်ရာ ဟိုတယ်၊ သဘောင်္၊ စားသောက်ဆိုင်များနှင့် ညှိနှိုင်းပေးပါက စီစဉ် ပေးပါသည်။ မြန်မာ့ရိုးရာမင်္ဂလာဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ ခမ်းနားထည်ဝါစွာကြည့်ရှုလိုပါက ကြိုတင် ရက်ချိန်းပေးလျှင် စီစဉ်တင်ဆက်ပေးပါသည်။
အဖွဲ့တည်ရှိရာနေအိမ်ကို Puppetry HOME အနေဖြင့် ရုပ်သေးပွဲ ကပြခြင်းသာ မက ပြည်တွင်းပြည်ပမှ ရုပ်သေးချစ်သူများအား ရုပ်သေးပညာကို အခြေခံ သူငယ်တော်ရုပ်မှစ၍ ရုပ်စုံ ဆွဲတတ်သည်ထိ သင်ကြားပေးနေပါသည်။ ရုပ်သေးပညာရှင်တစ်ဦးက သင်တန်းသားတစ်ဦးစီကို တာဝန် ယူကာ မတတ်မချင်း ကန့်ကူလက်လှည့် သင်ကြားပေးနေပါသည်။ ရုပ်သေးကြိုးဆွဲပညာသာမက မြန်မာ့ ရုပ်သေး၏ သမိုင်းကြောင်း၊ ရုပ်သေးထုလုပ်ပုံနှင့် တပ်ဆင်ပုံ၊ ရုပ်သေးရုပ်အမျိုးမျိုးအကြောင်းကို ကမ္ဘာ့ ရုပ်သေးအမျိုးအစားများနှင့် နှိုင်းယှဉ်၍ စာတွေ့ လက်တွေ့ ဟောပြောပို့ချပေးပါသည်။
အထူးသဖြင့် မြန်မာလူမျိုးများ မိမိတို့၏ ဘိုးဘွားအမွေအနှစ် ရိုးရာရုပ်သေးပညာ၏ အဆင့်အတန်းနှင့် တန်ဖိုးကို သဘောပေါက်နားလည်စေလိုသဖြင့် ကျောင်းများ၊ လူမှုဝန်ထမ်းဌာနများသို့ အခမဲ့ လိုက်လံကပြလျှက်ရှိပါသည်။ ရုပ်သေးပညာနှင့် ပါတ်သက်သော ဟောပြောပွဲများကိုလည်း လိုက်ပါ ဟောပြောပေးလျှက်ရှိပါသည်။ အစိုးရကျောင်းများ၊ ဘုန်းတော်ကြီး/သီလရှင်သင်ကျောင်းများ၊ ပရဟိတ ဂေဟာများ၊ အသင်းအဖွဲ့ရုံးဌာနဆိုင်ရာ အခမ်းအနားများတွင် ရုပ်သေးပွဲ၊ ဟောပြောပွဲများထည့်သွင်း လိုပါက ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်စုံအဖွဲ့ကို ဆက်သွယ်နိုင်ပါသည်။
အဖွဲ့တည်နေရာ
အမှတ်(၁၂)(ပထမထပ်)၊ ရာမလမ်း (အလုံဈေး [ငုဝါလမ်းနှင့်သစ်တောလမ်းထောင့်]အနီး)၊
အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်ရန်ဖုန်းနံပါတ်
211 942
09-512-7271 (24hr)
Email
puppetryhome@htweoomyanmar.com
puppetshow@htweoomyanmar.com
director@htweoomyanmar.com
htweoomyanmaryangon@gmail.com
Web Site
www.htweoomyanmar.com
www.facebook.com/puppettheatre
Google Map Link
http://goo.gl/maps/18cf
Location
Address
No.12, Yama Street, Ahlone Township, Yangon, Myanmar
Contact Numbers
Tel : (951) 211 942 Mobile : 959-512-7271 (24hr)


