Created by HOMM on Wed, 04/10/2013 - 08:43
၅၀-၅၀ ဖြစ်နေရာက ဗီဇာနဲ့ လေယာဉ်လက်မှတ် လက်ထဲမရောက်သေးပေမယ့် ၇၅% လောက်သေချာပြီမို့ သင်္ကြန်ရက် မတိုင်ခင် အပြေးအလွှားလေး အသိပေးလိုက်ပါတယ်။ မနှစ်က ပထမအကြိမ် ဒူဘိုင်းရုပ်သေးပွဲတော်ကို ဇူလိုင်လမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ် နည်းနည်းစောပြီး ဇွန်လထဲမှာ လုပ်မယ်လို့ သိထားရတဲ့အတွက် ဝေးသေးလို့ ဖေဖေါ်ဝါရီလ ချင်းမိုင်ကပြန်လာပြီး ပြည်ပခရီးမရှိဘူးလို့ပဲ မေးလာသူတွေကို ပြောထားခဲ့တယ်။ ယခုအခါ ရုတ်တရက် ယူအေအီးရဲ့ ပြည်နယ် တစ်ခုဖြစ်တဲ့ Sharjah မှာ (၄-၁၀) ကလေးငယ်တွေ အတွက် ရုပ်သေးပွဲတော်နှင့် စာအုပ်ပွဲတော်ကို ဧပြီ-မေလ တွေမှာ ကျင်းပမှာမို့ ပါဝင်ဆင်နွှဲဖို့ ဖိတ်ကြားလာပါတယ်။
Created by HOMM on Fri, 03/15/2013 - 08:13
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော ASEAN Enchanting Puppets 2013 ပွဲတော်အပြီး ဘန်ကောက်မြို့တွင် ၂ညအိပ် ဝင်ရောက်လည်ပတ် ခဲ့ပါတယ်။ (ဘန်ကောက်တွင် ခရီးတထောက်နားစဉ် ထွေးဦးမြန်မာ တစ်ဖွဲ့လုံးအား လေဆိပ် အကြို/အပို့၊ အစားအသောက်၊ အနေအထိုင်အားလုံး စားရိတ်ငြိမ်း တာဝန်ယူသည့်အပြင် သွားလိုရာသို့ နေမကောင်းသည့်ကြားမှ မငြီးမညူ လိုက်ပါပို့ဆောင်ပေးပါသော ကိုအောင်မျိုးကျော်+မသူဇာ(ဒီဗွီဘီ) ဇနီးမောင်နှံနှင့် အိမ်တွင်ထားခဲ့ရသော ကလေးနှစ်ယောက်ကို ထိန်းကျောင်းပေးပါသော ကိုအောင်မျိုးကျော်၏ မိခင်ကြီးအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါရစေ)
Created by HOMM on Wed, 02/06/2013 - 11:42
VIA မှ ပထမဆုံး စီစဉ်တင်ဆက်တဲ့ မြန်မာ့ရိုးရာရုပ်သေးကပွဲကို အားလုံးကြွရောက်ရှုစားကြဖို့ ဖိတ်ခေါ်ချင်လို့ပါ။
ပွဲလေးရဲ့ရည်ရွယ်ချက်ကတော့ ရှားပါးလာပြီဖြစ်တဲ့ မြန်မာ့ရိုးရာရုပ်သေးကပွဲကို တဖက်တလမ်းကနေ တတ်အားသ၍ ပြန်လည်အသက်သွင်းချင်တာရယ်၊ သူငယ်ချင်းတွေအားလုံး ရုပ်သေးကပွဲကို ခန်းမထဲမှာ ထိုင်ကြည့်နိုင်အောင် စီစဉ်ပေးချင်တာရယ်၊ နောက်ပြီး VIA ကို သူငယ်ချင်းများနဲ့ ပထမဆုံး တွေ့ဆုံမိတ်ဆက်ပေးချင်တာရယ်ကြောင့် ဒီပွဲလေးကို စီစဉ်တင်လိုက်ပါတယ်။
ရုပ်သေးအကအလှများကို ထွေးဦးမြန်မာရုပ်သေးပညာရှင်များက ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး၊ မည်သူမဆို "အခမဲ့" လာရောက်ကြည့်ရှုနိုင်ပါတယ်။
Created by HOMM on Thu, 11/08/2012 - 09:09
Created by HOMM on Tue, 11/06/2012 - 21:11
Reviving Yoke The String Puppetry
Reviving the art of Yoke The, the string puppets which one graced the royal courts of Myanmar, Htwe Oo Myanmar Traditional Puppet Theatre presents a variety of traditional dances that includes the following scenes:
Created by HOMM on Thu, 07/05/2012 - 01:11
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် နှစ်စဉ်ဇွန်-ဇူလိုင်လများ၌ ကျင်းပမြဲဖြစ်သည့် နွေရာသီဈေးပွဲတော် (Dubai Summer Surprises) ကို ယခုနှစ်တွင် (၁၆)ကြိမ်မြောက် ကျင်းပရာ၌ နိုင်ငံတကာရုပ်သေးပွဲတော် (Dubai Puppet Festival) အနေဖြင့် ပထမဦးဆုံးအကြိမ် ထည့်သွင်းမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်သေးအဖွဲ့ကို ဖိတ်ကြားလာပါတယ်…

Created by HOMM on Wed, 04/25/2012 - 01:18
MRTV4 - Monday 23rd April 2012
ထွေးဦး မြန်မာ ရုပ်သေး အဖွဲ့ဟာ အရင်က ခန်းမများကို ငှားရမ်းပြီး ရုပ်သေး ကပွဲများ ကပြ ဖျော်ဖြေလာရာ အခု လက်ရှိမှာ Home Theatre ပုံစံဖြင့် အဆိုပါ ရုပ်သေးအဖွဲ့ရဲ့ နေအိမ်မှာပဲ ကပြဖျော်ဖြေ ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို Home Theatre ပုံစံနဲ့ ကပြဖျော်ဖြေ တာဟာ သဘာဝ ဆန်ပြီး အိမ်မှာ ရုပ်သေး ကပွဲကို မိသားစုနဲ့ ကြည့်ရှုတဲ့ ပုံစံမျိုးဖြစ်တဲ့ အတွက် နိုင်ငံခြားသား များက ပိုမိုသဘောကျ ကြိုက်နှစ်သက် ကြတယ်လို့ ထွေးဦး မြန်မာ ရုပ်သေး အဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။
Created by HOMM on Wed, 04/25/2012 - 01:05
Created by HOMM on Tue, 11/08/2011 - 07:06
Created by HOMM on Sat, 10/22/2011 - 21:28
Pages